Home

About Us

Our Children

Students List

Background History

Donations

UNCRC

Photo Gallery

Map of VCC

Contact Us

Links

Slogan

News

 
UNCRC



စီအာရ်စီကွန်ဗင်းရှင်းနှင့် မြန်မာနိုင်ငံ

            မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၁၉၉၁-ခုနှစ်၊ ဇူလိုင်လ (၁၆) ရက် နေ့တွင် လက်ခံလက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၁-ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။ (လက်နက်ကိုင်ပဋိပက္ခ များတွင် ကလေးသူငယ်များ ပါဝင်နေမှုနှင့် ညစ်ညမ်းစာပေ၊ ဓာတ်ပုံ၊ ရုပ်ရှင်လုပ်ငန်းတို့တွင် ကလေးများကို အသုံးချနေမှုနှင့် သက်ဆိုင်သော နောက်ဆက်တွဲစာချုပ်နှစ်ရပ်ကို လက်မှတ်ရေးထိုး ရန် ကျန်ရှိပါသည်။) မြန်မာနိုင်ငံအနေဖြင့် စီအာရ်စီကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးခဲ့ရာတွင် အပိုဒ် (၁၅) ဖြစ်သည့် လွတ်လပ်စွာ ဆက်ဆံပိုင်ခွင့်အပိုဒ် (၃၇) ဖြစ်သည့် နှိပ်စက်ညှင်းပန်းမှု၊ လူ မဆန်စွာ ပြုမှုနှင့် လွတ်လပ်မှုဆုံးရှုံးခြင်းတို့အပေါ် တားမြစ်ချက် များကို ချွင်းချက်ထား၍ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။
            မြန်မာနိုင်ငံသည် ၁၉၉၃-ခုနှစ်၊ ဇူလိုင်လ (၁၄) ရက် နေ့တွင် အလွန်အရေးပါသော ဥပဒေတစ်ရပ်ကို ပြဌာန်းခဲ့ပါသည်။ ထိုဥပဒေသည် ကလေးသူငယ်ဥပဒေဖြစ်၍ ပြဌာန်းရခြင်း၏ ရည် ရွယ်ချက်မှာ ကွန်ဗင်းရှင်း၏ စာချုပ်ပါ စည်းမျဉ်းဥပဒေများကို အကောင်အထည်ဖော်ရန်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အထက်ဖော် ပြပါ ချွင်းချက်ပြုခဲ့ခြင်းများကိုလည်း ပြန်လည်ရုပ်သိမ်းနိုင်ခဲ့ပါ သည်။ မြန်မာနိုင်ငံသည် ပထမအကြိမ် အမျိုးသားအဆင့် အစီရင် ခံစာကို ၁၉၉၅-ခုနှစ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုသလသမဂ္ဂကော်မတီသို့ တင်သွင်းခဲ့ပြီးဖြစ်ပါသည်။ လောလော ဆယ်အားဖြင့် ဒုတိယအကြိမ် အမျိုးအသားအဆင့် အစီရင်ခံစာကို လည်း ထပ်မံတင်သွင်းရန် ရေးသားပြုစုပြီးဖြစ်ပါသည်။
ကလေးသူငယ်များသည် -

            တန်ဖိုးမဖြတ်နိုင်သော ရတနာများဖြစ်ကြသည် ...
            သူတို့ကို
            ကာကွယ်စောင့်ရှောက်ပေးရမည် ...
            ကာကွယ်စောင့်ရှောက်သည်ဆိုရာတွင်
            လိုအပ်သော ကျန်းမာရေးနှင့် ပညာရေးတို့ကို
            ဖြည့်ဆည်းပေးရန်ဖြစ်သည် ...
            ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ
            ကုလသမဂ္ဂ ကွန်ဗင်းရှင်းသည်
            ကလေးသူငယ်များ၏ အခွင့်အရေးများကို
            အလေးထားခြင်းဟူသောအဓိပ္ပာယ်သက်ရောက်သည်

International Institute for the Rights of the Child (IDE)
PO Box 4176, 1950, 1950 SION 4 Switzarland
Tel. (++41) 27 205 73 00 Fax. (++41) 27 205 73 02
E-mail : ide@iukb.ch
Internet : http://www.childsrights.org

Centre for Humanitarian Dialogue (HDC)
No. 74(F1), Inya Road, Kamayut Township, Yangon, Myanmar
Tel/Fax : 525 302, 511 549, 704 690
E-mail : hdcentre@mptmail.net.mm

 

ကလေးသူငယ် အခွင့်အရေးကမ္ဘာတစ်ဝှမ်းလုံးနှင့်သက်ဆိုင်သည်
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ
ကုလသမဂ္ဂကွန်ဗင်းရှင်း (စီအာရ်စီ)

       ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ၁၉၈၉-ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံမှ လက်ခံအတည် ပြုခဲ့ပါသည်။ ယနေ့အထိ နိုင်ငံနှစ်နိုင်ငံမှအပ ကမ္ဘာ့နိုင်ငံအားလုံး က လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြပြီးဖြစ်သည့်အတွက် ဤ ကွန်ဗင်းရှင်းသည် အမှန်စင်စစ် ကမ္ဘာတစ်ဝှမ်းလုံးနှင့် သက်ဆိုင် လျက်ရှိပါသည်။
            လက်နက်ကိုင် ပဋိပက္ခများတွင် ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် ကလေးသူငယ်များကို ရောင်းစားမှု၊ ကလေး ပြည့်တန်ဆာလုပ်ငန်းနှင့် ညစ်ညမ်းစာပေ၊ ဓာတ်ပုံ၊ ရုပ်ရှင်လုပ်ငန်း တို့တွင် ကလေးများအား အသုံးချမှုနှင့်သက်ဆိုင်သော နောက် ဆက်တွဲစာချုပ်နှစ်ရပ်ကို သက္ကရာဇ် ၂၀၀၀-ပြည့်နှစ်တွင် စီအာရ် စီ ကွန်ဗင်းရှင်းစာချုပ်တွင် ဖြည့်စွက်ခဲ့ပါသည်။

ကွန်ဗင်းရှင်းနှင့် သက်ဆိုင်သူများ

            စီအာရ်စီကွန်ဗင်းရှင်းသည် အသက် (၁၈) နှစ်အောက် လူသားများ (စာချုပ်ပါအပိုဒ် ၁) ဟု သတ်မှတ်ဖော်ပြထားသည့် ကလေးသူငယ်များကို အဓိက ရည်ညွှန်းထားပါသည်။ ကလေး တစ်ယောက်သည် တစ်ဦးတည်း သီးခြား ရပ်တည်နေသည့် လူသားမဟုတ်ဘဲ မိသားစုဝင်တစ်ဦးဖြစ်ပြီး တစ်ခုသော အသိုင်း အ၀ိုင်းအဖွဲ့အစည်းနှင့် သက်ဆိုင်နေသူဖြစ်သည်။ အပြင်နိုင်င်ံတော်၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါသည်။ ထို့ကြောင့် ဤကွန်ဗင်းရှင်းသည် လူကြီးများနှင့်လည်း သက်ဆိုင်နေကြောင်း ထင်ရှားပါသည်။ အထက်ဖော်ပြပါအဖွဲ့အစည်းသုံးရပ်ဖြစ်သည့် မိသားစု၊ လူ့ဘောင်အဖွဲ့အစည်းနှင့် နိုင်ငံတော်တို့ကို ကွန်ဗင်းရှင်း တွင် ထည့်သွင်းထားပါသည်။
            စီအာရ်စီကွန်ဗင်းရှင်းကို ကလေးသူငယ်များအတွက် အကောင်ဆုံးရရှိနိုင်မည့်အကျိုးစီးပွား (အခန်း ၃၊ အပိုဒ် ၃)၊ အသက်ရှင်သန်ပိုင်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့် (အပိုဒ် ၆)၊ ခွဲခြားသတ်မှတ်မှု မရှိစေရဟူသော မူဝါဒ (အပိုဒ် ၂)၊ ကိုယ်ပိုင် အမည်တစ်ခု ထားရှိပိုင်ခွင့်နှင့် တစ်ခုသောနိုင်ငံသားအဖြစ် ခံယူ ပိုင်ခွင့် (အပိုဒ် ၇) တို့အပြင် မိရင်းဖရင်း၏ ပြုစုပျိုးထောင်မှုဖြင့် ကြီးပြင်းနိုင်ခွင့် (အပိုဒ် ၉) စသည့် အဓိကအချက်များပေါ်တွင် အခြေပြုထားပါသည်။ ဤတွင် (၃) ရပ်သော ဥပဒေဖြင့် ဖော်ပြ ထားပါသည်။ ယင်းတို့မှာ ...

- ကာကွယ်စောင့်ရှောက်ခံယူပိုင်ခွင့် (Protection)
- လူမှုလုပ်ငန်းများ၌ ပါဝင်ခံစားပိုင်ခွင့် (Performance of Service) ESifh
-  ပါဝင်ဆင်နွှဲပိုင်ခွင့် (Participation) တို့ ဖြစ်ကြပါသည်။
       
ထို့ကြောင့် ပီ (၃) မျိုး ကွန်ဗင်းရှင်း (Convention of the 3 ps) ဟု အမည်တွင်ပါသည်။
အောက်ပါတို့နှင့်စပ်လျဉ်း၍ ကာကွယ်စောင့်ရှောက်ရာတွင် အရေးယူဆောင်ရွက်ချက်များ

  • နည်းမျိုးစုံဖြင့် အမြတ်ထုတ်ခြင်း (အပိုဒ် ၃၆)
  • ကလေးသူငယ် အလုပ်သမား (အပိုဒ် ၃၂)
  • နှိပ်စက်ညှင်းပန်းခြင်း၊ အကျဉ်းချခြင်းနှင့် ကြီးလေးသော
  • အပြစ်ဒဏ်ချမှတ်ခြင်း (အပိုဒ် ၃၇)
  • မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် ရောင်းဝယ်ခြင်း (အပိုဒ် ၃၃)
  • ကလေးအား မိဘများနှင့် မတရားခွဲထားခြင်း (အပိုဒ် ၉)
  • မိသားစုအတွင်း နှိပ်စက်ခြင်း (အပိုဒ် ၁၉) နှင့်
  • အထူးသဖြင့် ဒုက္ခသည်များ (အပိုဒ် ၂၂)

အောက်တွင်ဖော်ပြထားသည့် လုပ်ငန်းများ၌ ပါဝင်ခံစားခြင်း

  • ပညာသင်ကြားပိုင်ခွင့် (အပိုဒ် ၂၈)
  • သင့်လျော်သော ဗဟုသုတ၊ သတင်းအချက်အလက်များဖြင့် ထိတွေ့ ရရှိပိုင်ခွင့် (အပိုဒ် ၁၇)
  • ကျန်းမာပိုင်ခွင့် (အပိုဒ် ၂၄)
  • လူမှုလုံခြုံရေးရရှိပိုင်ခွင့် (အပိုဒ် ၂၆)
  • အနားယူခွင့်နှင့် အပန်းဖြေပိုင်ခွင့် (အပိုဒ် ၃၁) နှင့်
  • သင့်လျော်သော တရားစီရင်မှုရရှိပိုင်ခွင့် (အပိုဒ် ၄၀)။

ပါဝင်ဆင်နွှဲရန် နည်းလမ်းများ

    • စီအာရ်စီကွန်ဗင်းရှင်း၏ ဆန်းသစ်သောမူအရ ကလေးသူငယ် များသည် အောက်ပါနည်းလမ်းများဖြင့် လူ့ဘောင်အဖွဲ့အစည်းနှင့် မိသားစု တို့၏ အချက်အခြာဗဟိုအဖြစ် တက်ကြွစွာ ပါဝင်ဆင်နွှဲနိုင်သည်။
    • ကလေးတစ်ဦးသည် ၎င်းင်း၏အကျိုးစီးပွားကို ထိခိုက်မည်ဆိုပါက သူ၏အမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် (အပိုဒ် ၁၂)
    • လွတ်လပ်စွာ ပြောဆိုရေးသားပိုင်ခွင့် (အပိုဒ် ၁၃)
    • လွတ်လပ်စွာ ကြံစည်တွေးတော၊ ယုံကြည်၊ ကိုးကွယ်ပိုင်ခွင့်
    • (အပိုဒ် ၁၄)
    • သီးသန့်နေထိုင်ပိုင်ခွင့် (အပိုဒ် ၁၆) တို့အပြင်
    • ကလေးသူငယ်၏ အသက်ငယ်ရွယ်မှုကို အလေးထား၍ သူ၏ ယဉ်ကျေးမှုတို့ကို ခံစားပိုင်ခွင့်၊ ယုံကြည်ရာဘာသာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်နှင့် သူ၏ဘာသာစကားကို ပြောဆိုပိုင်ခွင့် (အပိုဒ်၃၀)။
 

Posted by Victoria Childcare Center